ကိုယ်ဝန်ဖျက်ချဆေး အသုံးမပြုခင်

ဆေးဝါးသုံး သန္ဓသားဖျက်ဆေး မသုံးဆောင်မီ ၎င်းနှင့် ပတ်သက်ပြီး အပြည့်အဝ နားလည်သဘောပေါက်ပြီး ပြင်ဆင်ထားမှု သေချာပါစေ။

1. ကိုယ်ဝန်ဆောင်သက်တမ်းတွက်ချက်ရန်နေရာ
2. ထည့်သွင်းစဥ်းစားရန်အချက်များ
3. အကြံဥာဏ်ပေးခြင်း
4. အန္တရာယ်ကင်းအောင် စီစဥ်ခြင်း
Pregnacy calculator

ကိုယ်ဝန်ဆောင်သက်တမ်းတွက်ချက်ရန်နေရာ

သင်၏ကိုယ်ဝန်သက်တမ်းဘယ်လောက်ရှိပြီလဲ? သုတေသနပြုချက်အရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းကို နောက်ဆုံးရာသီလာရက်ကနေ ကိုယ်ဝန်သက်တမ်း 13) ပတ်မတိုင်မီ အချိန်အတွင်းသာ ပြုလုပ်ဖို့အကြံပြုထားပါသည်။ သင်၏ကိုယ်ဝန်သက်တမ်းကို သိရှိရန် ကိုယ်ဝန်သက်တမ်းတွက်ချက်ရန်နေရာတွင် သင်နောက်ဆုံးရာသီလာတဲ့ရက်ကို ထည့်ပြီးတွက်လို့ရပါတယ်။

တွက်ပြီးလို့ သင်ရာသီလာတာ နောက်ကျနေပြီဆိုရင်

၂၀၂၃၊ ဒီဇင်ဘာ ၂၆

ကိုယ်ဝန်ဖျက်ချတဲ့ဆေးသောက်ဖို့ စဥ်းစားသင့်ပါပြီ။

သင်သည် ၁၂ ပတ်အထက် ကိုယ်ဝန်ဆောင်တစ်ယောက်လား။

HowToUseAbortionPill ပရိုတိုကောကို ၁၃ ပတ်အထိ ကိုယ်ဝန်ဆောင်များအတွက်သာလျှင် ရည်ရွယ်ပါသည်။ သို့သော် ကိုယ်ဝန်ဖျက်ဆေးများကို ကိုယ်ဝန်နောက်ပိုင်းကာလတွင် အခြားပရိုတိုကောများဖြင့် သုံးစွဲနိုင်ပါသည်။

ပိုမိုများပြားသော သတင်းအချက်အလက်များအတွက် သင်သည် www.womenonweb.org တွင် ကျွန်ုပ်တို့၏မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်စုံစမ်းနိုင်ပါသည်။ သို့မဟုတ် သင့်နိုင်ငံရှိ ကိုယ်ဝန်ဖျက်ခြင်းအရင်းအမြစ်များနှင့်ပတ်သက်၍ ပိုမိုလေ့လာသင်ယူရန် ကျွန်ုပ်တို့နိုင်ငံ၏ပရိုဖိုင်များ သို့ သွားပါ။

ထည့်သွင်းစဥ်းစားရန်အချက်များ

အကြံဥာဏ်ပေးခြင်း

iconအဆာပြေ မုန့်စားပါ။
iconဆေးသောက်ထားချိန် တစ်လျှောက်လုံး ရေများများသောက်ပါ။
iconသင် misoprostol ဆေးသောက်ပြီး သင့်အိမ်ခန်းထဲမှာ နာရီအနည်းငယ် အိပ်စက်အနားယူနိုင်ပါသည်။
iconသင့်ကိုစောင့်ရှောက်နိုင်သူတစ်ဦးအနားမှာရှိခြင်းသည် သင့်အတွက်အထောက်အကူဖြစ်စေနိုင်ပါသည်။
iconနာကျင်မှုကိုသက်သာစေဖို့ misoprostol ကိုမသုံးမီ ibuprofen အကိုက်အခဲပျောက်ဆေး ကိုသောက်သင့်ပါသည်။
iconကိုယ်ဝန်ဖျက်ချဆေးများကိုမသုံးမီ အရေးပေါ်လိုအပ်ပါက အကူအညီတောင်းခံနိုင်သည့် အစီအစဥ်များကို ကြိုတင်စဥ်းစား ပြင်ဆင်ပြုလုပ်ထားပါ။

အန္တရာယ်ကင်းအောင် စီစဥ်ခြင်း

အမေရိကန်သားဖွားမီးယပ်အထူးကုဆရာ၀န်များအဖွဲ့၏အဆိုအရ ကိုယ်ဝန်ဆောင် အစောပိုင်းကာလ(ပထမသုံးလ)တွင်း ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းသည် အလုံခြုံဆုံးသောဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သင့်အနေဖြင့် အရေးပေါ်လိုအပ်မှုတွေအတွက် အမြဲပြင်ဆင်ထားသင့်ပါသည်။ သင့်အနေဖြင့် အန္တရာယ်ကင်းကင်းဖြစ်စေဖို့ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အောက်ပါမေးခွန်းများကို ကြည့်ပြီး ပြင်ဆင်နိုင်ပါသည်။

စာကိုးများ-

HowToUseAbortionPill.org သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်စပ်သည်။
HowToUseAbortionPill.org တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန်အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတခုခုနှင့် မသက်ဆိုင်ပါ။

Women First Digital မှ အားဖြည့်ထားသော