ကိုယ်ဝန်ဖျက်ချဆေးနှင့်ပတ်သတ်ပြီးမေးလေ့ရှိသော မေးခွန်းမျာ


အကယ်၍ ကျွန်မကအရမ်းဝတဲ့အမျိုးသမီးဆိုရင် ဆေးကိုပိုသောက်ဖို့လိုအပ်ပါသလား?

ပိုသောက်စရာမလိုပါဘူး။ အဝလွန်နေသောအမျိုးသမီးတစ်ဦးသည် တခြားသူတွေကဲ့သို့ တူညီတဲ့ဆေးပမာဏပဲသောက်ရမှာ ဖြစ်ပါသည်။ လေ့လာချက်များအရ ဆေးရဲ့အစွမ်းမှာ အဝလွန်သော သို့မဟုတ် လူကောင်ကြီးသောအမျိုးသမီးများတွင် ဆေးအာနိသင်လျော့နည်းသွားခြင်း မရှိကြောင်း ပြသထားသည်။ ထို့ကြောင့် အခြားဆေးများ သို့မဟုတ် ဆေးပိုမိုသောက်သုံးရန် မလိုအပ်ပါ။

အမွှာကိုယ်ဝန်ရှိနေပါက ဘယ်လိုလုပ်သင့်သလဲ။

သင်တွင်အမွှာကိုယ်ဝန်ရှိနေကြောင်းတွေ့ရှိပါသော်လည်း ဆေးပမာဏ သို့မဟုတ် ဆေးလုံးအရေအတွက်ကိုပြောင်းလဲရန်မလိုအပ်ပါ။ အမွှာကိုယ်ဝန်အတွက်လည်း တူညီသော လုပ်ထုံးလုပ်နည်းကို အသုံးပြုပါသည်။

ယခင်က သောက်သုံးဖူးပါက ဆေးအာနိသင် လျော့နည်းနိုင်ပါသလား။

မလျော့နည်းပါ။ အကယ်၍ သင်သည် ကိုယ်ဝန်ဖျက်ချဆေးကိုယခင်ကအသုံးပြုခဲ့ဖူးသော်လည်း ယခုအကြိမ် မလိုချင်သောကိုယ်ဝန်ရရှိလာပြီး ဖျက်ချချင်သည်ဆိုပါက ဆေးပမာဏပိုသောက်ရန် မလိုအပ်ပဲ ပုံမှန်ညွှန်ကြားထားသည့်အတိုင်းသောက်ရန်သာလိုအပ်ပါသည်။

သားအိမ်တွင် IUD ထည့်ထားပါကလည်း misoprostol သောက်သုံးရန်လိုအပ်ပါသလား။

အကယ်၍ သင်သည် သားအိမ်အတွင်းထည့်သန္ဓေတားဆေး (ဥပမာကွိုင်သို့မဟုတ် progesterone IUD) ရှိလျှင် ဆေးသောက်ပြီးကိုယ်ဝန်ဖျက်ချခြင်းမပြုမီ ၎င်းကိုဖယ်ရှားပစ်ရမည်။

နို့တိုက်မိခင်ဖြစ်ပါကလည်း misoprostol ဆေးကို သောက်သုံးနိုင်ပါသလား။

အကယ်၍ သင်သည်ကလေးကိုနို့တိုက်နေလျှင် misoprostol ဆေးများသည်ကလေးအားဝမ်းလျှောစေနိုင်သည်။ ဒါကိုရှောင်ရှားဖို့ ကလေးကို နို့အရင်တိုက်ပြီးမှ ဆေးသောက်ပါ။ ဆေးသောက်ပြီးလျှင် ၄ နာရီကြာစောင့်ပြီးမှ ကလေးကို နို့ပြန်တိုက်ပါ။

HIV ရောဂါပိုးရှိပါက ကိုယ်ဝန်ဖျက်ချဆေးကို သောက်နိုင်ပါသလား။

အကယ်၍ သင့်မှာ အိပ်ချ်အိုင်ဗွီရောဂါပိုးရှိပါက misoprostol ဆေးမသောက်ခင် သင်သည် ART ဆေးဝါးများသောက်ထားပြီး ကျန်းမာရေးကောင်းနေသူတစ်ဦးဖြစ်မှ ဆေးသုံးသင့်ပါတယ်။

သံဓါတ်အားနည်းပါက ကိုယ်ဝန်ဖျက်ချဆေးကို သောက်သင့်ပါသလား။

အကယ်၍ သင့်တွင်သွေးအားနည်းရောဂါရှိလျှင် (သင်၏သွေးတွင်သံဓာတ်ပါဝင်မှုနည်းနေလျှင်) ကိုယ်ဝန်ဖျက်ချဆေးကိုမသုံးမီ သင်လိုအပ်ပါက မိနစ် ၃၀ အတွင်း အကူအညီရယူနိုင်မည့် ကျန်းမာရေးပြုစုစောင့်ရှောက်သူအကူအညီတောင်းယူဖို့ ပြင်ဆင်ထားသင့်ပါသည်။ အကယ်၍ သင်သည် အလွန်သွေးအားနည်းသူဖြစ်ပါက ဆေးမသောက်ခင် ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားချက်ရယူပါ။

အကယ်၍ ဗိုက်ခွဲမွေးဖွားဖူးလျှင် ကိုယ်ဝန်ဖျက်ချဆေးသုံးဖို့ စိတ်ချရပါ့မလား။

ဘာမှမဖြစ်ပါဘူး။ ယခင်က ဗိုက်ခွဲမွေးဖွားဖူးသူဆိုရင် ကိုယ်ဝန်ဖျက်ချဆေးပြားကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလများတွင်သုံးပါက ပိုပြီးစိတ်ချရပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသုံးပြီးနောက်မှ ကိုယ်ဝန်ဆက်လက်ရှိနေပါက မွေးလာတဲ့ ကလေးမှာ ချို့ယွင်းချက်တွေရှိနိုင်ပါသလား။

mifepristone နှင့်မွေးရာပါချို့ယွင်းချက်များအကြားဆက်စပ်မှုမရှိပါ။ သို့သော် mifepristone မှာ ကလေးအထိအခိုက်ဖြစ်စေနှုန်း အနည်းငယ်ရှိနိုင်ပါသည်။ misoprostol ဆေးသောက်ပြီးနောက် သင်ကိုယ်ဝန်ရှိနေသေးလျှင်၊ သန္ဓေသားက ဆက်မကြီးထွားလာနိုင်တဲ့ကိုယ်ဝန်ဖြစ်နိုင်ပါသည်။ အကယ်၍ ကိုယ်ဝန်ပျက်ကျခြင်းမရှိဘဲ ကိုယ်ဝန်ဆက်ရှိနေပါက သင့်ကလေးမှာ အထိအခိုက် ၁%ရှိနိုင်ပါသည်။ (ကလေး ၁၀၀ တွင် ၁ယောက်နှုန်း)

အရင်က သားကြောဖြတ်ဖူးသော်လည်း ကိုယ်ဝန်ရှိလာပြီး ၎င်းမှာ သားအိမ်ပြင်ပတွင်ကိုယ်ဝန်တည်ခြင်း ဖြစ်နေပါသည်။ယခုလက်ရှိ ကိုယ်ဝန်ထပ်ရှိနေပါသည်။ ကိုယ်ဝန်ဖျက်ချဆေး သောက်သုံးဖို့ စိတ်ချရပါ့မလား။

မသောက်သုံးသင့်ပါဘူး။ သင့်အနေဖြင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်ထားရပါက သောက်သုံးရန် လုံးဝမသင့်တော်ပါ။ ဘာကြောင့်လဲဆိုတော့ သင်က သားကြောဖြတ်ဖူးထားတဲ့အတွက် သင့်ရဲ့ သားဥပြွန်မှာ ပြဿနာရှိနေတာပါ။ ယခင်က သားအိမ်ပြင်ပတွင်ကိုယ်ဝန်တည်ခြင်းကလည်း ဒီအကြောင်းအရင်းကြောင့် ဖြစ်နိုင်ပါသည်။ သားဥပြွန်နေရာသည် မမျိုးဥနှင့် အဖိုသုတ်ပိုးတို့ မျိုးအောင်ရာနေရာဖြစ်တဲ့အတွက် ဒီနေရာမှာ အနာဖြစ်နေပြီဆိုလျှင် သန္ဓေသည် ကိုယ်ဝန်ကာလအစောပိုင်းတွင် သားဥပြွန်ထဲပိတ်မိနေနိုင်သည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ပြွန်ပေါက်ပြီး အတွင်းသွေးသွန်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။ အကယ်၍ ပြွန်ပေါက်ထွက်သွားလျှင် သင့်အားအသက်အန္တရာယ်ဖြစ်စေနိုင်သော သွေးဆင်းမှုဖြစ်နိုင်တဲ့အတွက် သင့်တွင်နောက်ထပ်သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းနဲ့ပတ်သတ်ပြီး အန္တရာယ်ရှိနေပါပြီ။ ထိုကြောင့် ဆေးကို မသောက်သုံးသင့်ပါဘူး။ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပြီး သင့်ကိုယ်ဝန်မှာ သားအိမ်အတွင်းသာဖြစ်ပြီး သားဥပြွန်အတွင်းမဟုတ်ကြောင်း အတည်ပြုပြီးမှ သောက်သုံးပါ။

သားအိမ်ပြင်ပကိုယ်ဝန်ရှိနေပါက ဘယ်လိုဖျက်ချနိုင်မလဲ။

ပထမဦးဆုံး အမျိုးသမီးများမှာ မိမိကိုယ်ဝန်မှာ သားအိမ်ထဲမဟုတ်ဘဲ သားဥပြွန်အတွင်း နေရာမှားကိုယ်ဝန်ရှိနေမည်ဟုသိကြမည်မဟုတ်ပါ။ အာထရာဆောင်းရိုက်မှသာ သိနိုင်မှာပါ။ သားအိမ်ပြင်ပတွင်ကိုယ်ဝန်တည်ခြင်းကို ဖျက်ချရန်မဖြစ်နိုင်ပါ။ ထို့ကြောင့်ကိုယ်ဝန်ဖျက်ချခြင်းသည်တရားဝင်မဟုတ်သောနိုင်ငံများရှိအမျိုးသမီးများသည် ဤကိုယ်ဝန်ကိုရပ်တန့်ရန်အတွက်စစ်ဆေးပြီး တရားဝင်ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။

ကိုယ်ဝန်ဖျက်ချဆေးနှင့်ပတ်သတ်ပြီးမေးလေ့ရှိသော မေးခွန်းမျာ

ပိုသောက်စရာမလိုပါဘူး။ အဝလွန်နေသောအမျိုးသမီးတစ်ဦးသည် တခြားသူတွေကဲ့သို့ တူညီတဲ့ဆေးပမာဏပဲသောက်ရမှာ ဖြစ်ပါသည်။ လေ့လာချက်များအရ ဆေးရဲ့အစွမ်းမှာ အဝလွန်သော သို့မဟုတ် လူကောင်ကြီးသောအမျိုးသမီးများတွင် ဆေးအာနိသင်လျော့နည်းသွားခြင်း မရှိကြောင်း ပြသထားသည်။ ထို့ကြောင့် အခြားဆေးများ သို့မဟုတ် ဆေးပိုမိုသောက်သုံးရန် မလိုအပ်ပါ။

သင်တွင်အမွှာကိုယ်ဝန်ရှိနေကြောင်းတွေ့ရှိပါသော်လည်း ဆေးပမာဏ သို့မဟုတ် ဆေးလုံးအရေအတွက်ကိုပြောင်းလဲရန်မလိုအပ်ပါ။ အမွှာကိုယ်ဝန်အတွက်လည်း တူညီသော လုပ်ထုံးလုပ်နည်းကို အသုံးပြုပါသည်။

မလျော့နည်းပါ။ အကယ်၍ သင်သည် ကိုယ်ဝန်ဖျက်ချဆေးကိုယခင်ကအသုံးပြုခဲ့ဖူးသော်လည်း ယခုအကြိမ် မလိုချင်သောကိုယ်ဝန်ရရှိလာပြီး ဖျက်ချချင်သည်ဆိုပါက ဆေးပမာဏပိုသောက်ရန် မလိုအပ်ပဲ ပုံမှန်ညွှန်ကြားထားသည့်အတိုင်းသောက်ရန်သာလိုအပ်ပါသည်။

အကယ်၍ သင်သည် သားအိမ်အတွင်းထည့်သန္ဓေတားဆေး (ဥပမာကွိုင်သို့မဟုတ် progesterone IUD) ရှိလျှင် ဆေးသောက်ပြီးကိုယ်ဝန်ဖျက်ချခြင်းမပြုမီ ၎င်းကိုဖယ်ရှားပစ်ရမည်။

အကယ်၍ သင်သည်ကလေးကိုနို့တိုက်နေလျှင် misoprostol ဆေးများသည်ကလေးအားဝမ်းလျှောစေနိုင်သည်။ ဒါကိုရှောင်ရှားဖို့ ကလေးကို နို့အရင်တိုက်ပြီးမှ ဆေးသောက်ပါ။ ဆေးသောက်ပြီးလျှင် ၄ နာရီကြာစောင့်ပြီးမှ ကလေးကို နို့ပြန်တိုက်ပါ။

အကယ်၍ သင့်မှာ အိပ်ချ်အိုင်ဗွီရောဂါပိုးရှိပါက misoprostol ဆေးမသောက်ခင် သင်သည် ART ဆေးဝါးများသောက်ထားပြီး ကျန်းမာရေးကောင်းနေသူတစ်ဦးဖြစ်မှ ဆေးသုံးသင့်ပါတယ်။

အကယ်၍ သင့်တွင်သွေးအားနည်းရောဂါရှိလျှင် (သင်၏သွေးတွင်သံဓာတ်ပါဝင်မှုနည်းနေလျှင်) ကိုယ်ဝန်ဖျက်ချဆေးကိုမသုံးမီ သင်လိုအပ်ပါက မိနစ် ၃၀ အတွင်း အကူအညီရယူနိုင်မည့် ကျန်းမာရေးပြုစုစောင့်ရှောက်သူအကူအညီတောင်းယူဖို့ ပြင်ဆင်ထားသင့်ပါသည်။ အကယ်၍ သင်သည် အလွန်သွေးအားနည်းသူဖြစ်ပါက ဆေးမသောက်ခင် ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားချက်ရယူပါ။

ဘာမှမဖြစ်ပါဘူး။ ယခင်က ဗိုက်ခွဲမွေးဖွားဖူးသူဆိုရင် ကိုယ်ဝန်ဖျက်ချဆေးပြားကို ကိုယ်ဝန်ဆောင်အစောပိုင်းကာလများတွင်သုံးပါက ပိုပြီးစိတ်ချရပါသည်။

mifepristone နှင့်မွေးရာပါချို့ယွင်းချက်များအကြားဆက်စပ်မှုမရှိပါ။ သို့သော် mifepristone မှာ ကလေးအထိအခိုက်ဖြစ်စေနှုန်း အနည်းငယ်ရှိနိုင်ပါသည်။ misoprostol ဆေးသောက်ပြီးနောက် သင်ကိုယ်ဝန်ရှိနေသေးလျှင်၊ သန္ဓေသားက ဆက်မကြီးထွားလာနိုင်တဲ့ကိုယ်ဝန်ဖြစ်နိုင်ပါသည်။ အကယ်၍ ကိုယ်ဝန်ပျက်ကျခြင်းမရှိဘဲ ကိုယ်ဝန်ဆက်ရှိနေပါက သင့်ကလေးမှာ အထိအခိုက် ၁%ရှိနိုင်ပါသည်။ (ကလေး ၁၀၀ တွင် ၁ယောက်နှုန်း)

မသောက်သုံးသင့်ပါဘူး။ သင့်အနေဖြင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်ထားရပါက သောက်သုံးရန် လုံးဝမသင့်တော်ပါ။ ဘာကြောင့်လဲဆိုတော့ သင်က သားကြောဖြတ်ဖူးထားတဲ့အတွက် သင့်ရဲ့ သားဥပြွန်မှာ ပြဿနာရှိနေတာပါ။ ယခင်က သားအိမ်ပြင်ပတွင်ကိုယ်ဝန်တည်ခြင်းကလည်း ဒီအကြောင်းအရင်းကြောင့် ဖြစ်နိုင်ပါသည်။ သားဥပြွန်နေရာသည် မမျိုးဥနှင့် အဖိုသုတ်ပိုးတို့ မျိုးအောင်ရာနေရာဖြစ်တဲ့အတွက် ဒီနေရာမှာ အနာဖြစ်နေပြီဆိုလျှင် သန္ဓေသည် ကိုယ်ဝန်ကာလအစောပိုင်းတွင် သားဥပြွန်ထဲပိတ်မိနေနိုင်သည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ပြွန်ပေါက်ပြီး အတွင်းသွေးသွန်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။ အကယ်၍ ပြွန်ပေါက်ထွက်သွားလျှင် သင့်အားအသက်အန္တရာယ်ဖြစ်စေနိုင်သော သွေးဆင်းမှုဖြစ်နိုင်တဲ့အတွက် သင့်တွင်နောက်ထပ်သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းနဲ့ပတ်သတ်ပြီး အန္တရာယ်ရှိနေပါပြီ။ ထိုကြောင့် ဆေးကို မသောက်သုံးသင့်ပါဘူး။ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ပြီး သင့်ကိုယ်ဝန်မှာ သားအိမ်အတွင်းသာဖြစ်ပြီး သားဥပြွန်အတွင်းမဟုတ်ကြောင်း အတည်ပြုပြီးမှ သောက်သုံးပါ။

ပထမဦးဆုံး အမျိုးသမီးများမှာ မိမိကိုယ်ဝန်မှာ သားအိမ်ထဲမဟုတ်ဘဲ သားဥပြွန်အတွင်း နေရာမှားကိုယ်ဝန်ရှိနေမည်ဟုသိကြမည်မဟုတ်ပါ။ အာထရာဆောင်းရိုက်မှသာ သိနိုင်မှာပါ။ သားအိမ်ပြင်ပတွင်ကိုယ်ဝန်တည်ခြင်းကို ဖျက်ချရန်မဖြစ်နိုင်ပါ။ ထို့ကြောင့်ကိုယ်ဝန်ဖျက်ချခြင်းသည်တရားဝင်မဟုတ်သောနိုင်ငံများရှိအမျိုးသမီးများသည် ဤကိုယ်ဝန်ကိုရပ်တန့်ရန်အတွက်စစ်ဆေးပြီး တရားဝင်ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။

စာကိုးမျာ

ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'