၁၀-၁၁ ပတ် အတွင်းရှိကိုယ်ဝန်များကို ဆေးများအသုံးပြုပြီး အန္တရာယ်ကင်းစွာဖြင့် ဖျက်ချနိုင်ပါတယ်။ သို့ပေမယ့် သတိပြုရမည့် အချက်များလည်း ရှိပါသေးတယ်။
၁၀-၁၁ ပတ် အတွင်းရှိကိုယ်ဝန်များကို ဆေးများအသုံးပြုပြီး အန္တရာယ်ကင်းစွာဖြင့် ဖျက်ချနိုင်ပါတယ်။ သို့ပေမယ့် သတိပြုရမည့် အချက်များလည်း ရှိပါသေးတယ်။
ကိုယ်ဝန် အစောပိုင်းကာလတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် ပိုပြီးအန္တရာယ်ကင်းပါတယ်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ဖျက်ချရာတွင်လည်း အန္တရာယ်ပိုကြီးလာနိုင်ပါတယ်။ အောက်ပါ ဖော်ပြချက်ကတော့ ကိုယ်ဝန်ဆောင်ကာလအလိုက် လိုအပ်သော ဆေးဝါးစောင့်ရှောက်မှုများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်သက်တမ်း
ဆေးဝါးကုသမှုခံယူဖို့ လိုအပ်သော အမျိုးသမီး ရာခိုင်နှုန်း
ကိုးကားခ်က္ https://www.womenonweb.org/
ဆေးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် အမျိုးသမီးများအနေဖြင့် သွေးသွန်နိုင်ပါတယ်။ ပုံမှန်ရာသီလာခြင်းထက် ပိုမိုများနိုင်ပြီး အစိုင်အခဲများလည်းပါဝင်နိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန် ဆောင်ကာလ ၁၀-၁၁ ပတ်ကို ဖျက်ချသည့်အမျိုးသမီးများတွင်မြင်တွေ့နိုင်ပြီး တစ်သျှူးစများကဲသို့ အပိုင်းအစများလဲ ဆင်းနိုင်ပါသည်။ ဒါဟာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိပြီး သင့်ကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ကိုယ်ဝန်ဖျက်ချခြင်းအောင်မြင်သည်ဟု သတ်မှတ်နိုင်ပါတယ်။ သွေးသွန်ခြင်းများပါက ထွက်ကျလာသော အသားစများနှင့် သွေးခဲများကို အိမ်သာထဲတွင် စွန့်နိုင်ပါသည်။ အကယ်၍ သင်နေထိုင်ရာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုမှာတရားမဝင်သည်ဟု သတ်မှတ်ထားပါက ထိုသို့သွေးသွန်ထားသည့်အရာများ၊ အဝတ်စတို့ကို စွန့်ပစ်ရာတွင် အထူးသတိထားရန် လိုအပ်ပါသည်။
References:
This website may require anonymous cookies and various third party services to function properly. You can read our Terms & Conditions and Privacy Policies. By continuing to use this site you are giving us your consent to do this.