ကိုယ်ဝန်ဆောင်သက်တမ်းတွက်ချက်ရန်နေရာ
သင်၏ကိုယ်ဝန်သက်တမ်းဘယ်လောက်ရှိပြီလဲ? သုတေသနပြုချက်အရ ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းကို နောက်ဆုံးရာသီလာရက်ကနေ ကိုယ်ဝန်သက်တမ်း 13) ပတ်မတိုင်မီ အချိန်အတွင်းသာ ပြုလုပ်ဖို့အကြံပြုထားပါသည်။ သင်၏ကိုယ်ဝန်သက်တမ်းကို သိရှိရန် ကိုယ်ဝန်သက်တမ်းတွက်ချက်ရန်နေရာတွင် သင်နောက်ဆုံးရာသီလာတဲ့ရက်ကို ထည့်ပြီးတွက်လို့ရပါတယ်။
တွက်ပြီးလို့ သင်ရာသီလာတာ နောက်ကျနေပြီဆိုရင်
၂၀၂၂- ဒီဇင်ဘာ ၂၇
ကိုယ်ဝန်ဖျက်ချတဲ့ဆေးသောက်ဖို့ စဥ်းစားသင့်ပါပြီ။
ထည့်သွင်းစဥ်းစားရန်အချက်များ
အကယ်၍ သင်သည် သားအိမ်တွင် သန္ဓေတားပစ္စည်း တပ်ထားလျှင်
အကယ်၍ သင်သည် အိပ်ချ်အိုင်ဗွီ ရောဂါ အခံရှိပါက
အကယ်၍ သင်သည် သီးသန့်ထားမှုအပေါ် စိုးရိမ်ပူပန်ပါက
အကယ်၍ သင်သည် နိုတိုက်မိခင်ဖြစ်ပါက
အကယ်၍ သင့်တွင် သွေးအားနည်းရောဂါ ရှိပါက
အကြံဥာဏ်ပေးခြင်း
အန္တရာယ်ကင်းအောင် စီစဥ်ခြင်း
အမေရိကန်သားဖွားမီးယပ်အထူးကုဆရာ၀န်များအဖွဲ့၏အဆိုအရ ကိုယ်ဝန်ဆောင် အစောပိုင်းကာလ(ပထမသုံးလ)တွင်း ဆေးဝါးသုံးပြီး ကိုယ်ဝန်ဖျက်ချခြင်းသည် အလုံခြုံဆုံးသောဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း သင့်အနေဖြင့် အရေးပေါ်လိုအပ်မှုတွေအတွက် အမြဲပြင်ဆင်ထားသင့်ပါသည်။ သင့်အနေဖြင့် အန္တရာယ်ကင်းကင်းဖြစ်စေဖို့ ကြိုတင်ပြင်ဆင်စရာရှိတာတွေကို အောက်ပါမေးခွန်းများကို ကြည့်ပြီး ပြင်ဆင်နိုင်ပါသည်။
သင့်အနေဖြင့် ဆေးရုံ/ဆေးခန်းဆီသို့ တစ်နာရီသို့မဟုတ် ဒီထက်နည်းသောအချိန်အတွင်း ရောက်နိုင်သောနေရာတွင် ရှိနေရမည်။ (သင့်တွင်သွေးအားနည်းရောဂါရှိလျှင်မိနစ် ၃၀ အတွင်း သင်ထိုနေရာသို့ရောက်နိုင်ရမည်။ )
ကားမောင်းပေးနိုင်သူတစ်ယောက်ယောက်က သင်နဲ့အတူရှိလား? သင်ကားငှားမလား? အများသုံးသယ်ယူပို့ဆောင်ရေး(ဘတ်စ်ကား) သုံးမလား? ဘယ်လောက်ကုန်ကျမှာလဲ? ၂၄ နာရီ ဝန်ဆောင်မှုရနိုင်မှာလား? အစရှိသဖြင့် လိုအပ်တဲ့အချက်တွေအတွက် ပြင်ဆင်ထားပါ။ သင့်အနေဖြင့်အရေးပေါ် အခြေအနေကြုံလာပါက သင်ကိုယ်တိုင်ဆေးရုံသို့ ကားမောင်းခြင်းသည် စိတ်မချရဘဲ အန္တရာယ်ရှိသည်ကို သတိထားပါ။
သင်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ ဆေးဝါးသုံးပြီးကိုယ်ဝန်ဖျက်ချတာ ဒါမှမဟုတ် လက်သည်နဲ့ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ တားမြစ်ထားပါလား? ဆရာဝန်ဆီက လိုအပ်သည့်အကူအညီများရရှိအောင်၊ ဒီအကြောင်းကို လျို့ဝှက်ထားဖို့ သင်အနေဖြင့် ဆရာဝန်ကိုဘယ်လိုပြောပြလို့ရလဲ? သင်မည်သို့ပြောရမည်ကို စဉ်းစားရန်အကူအညီလိုအပ်ပါက ကျွန်ုပ်တို့တွင်အကြံဥာဏ်အချို့ရှိပါသည်။
အချို့သောနိုင်ငံများတွင်ဆေးဘက်ဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်း သို့မဟုတ် အိမ်တွင်းကိုယ်ဝန်ဖျက်ချခြင်းကိုတရားဝင်တားမြစ်ထားသည်။ ဆိုလိုသည်မှာ သင်သည်အရေးပေါ်ဆေးကုသမှုဆိုင်ရာအကူအညီလိုအပ်ပါက သင်ပြောသည့်အရာနှင့်ပတ်သက်၍ သတိထားရန်လိုအပ်သည်။ ဆေးဘက်ဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်းသည် သဘာဝကိုယ်ဝန်ပျက်ကျခြင်းလက္ခဏာများနှင့်ဆင်တူသည်။ ထို့ကြောင့် သင်ပြောနိုင်သည်မှ
- ကျွန်မဘာဖြစ်တာလဲမသိဘူး….သွေးတွေဆင်းလာလို့ပါ။
- ကျွန်မ ပုံမှန်ရာသီလာသလိုမဟုတ်ဘဲ သွေးတွေအရမ်းဆင်းနေတယ်။
- ကျွန်မရုတ်တရက် သွေးတွေဆင်းလာလို့ ..အဲ့တာ တစ်ခုခုဖြစ်မှာကြောက်လို့ လာပြတာပါ။
စာကိုးများ-
- “Induced Abortion.” American College of Obstetrics and Gynecologists. https://www.acog.org/Patients/FAQs/Induced-Abortion
- “Care for Women Choosing Medication Abortion.” The Nurse Practitioner. https://journals.lww.com/tnpj/Citation/2004/10000/Care_for_Women_Choosing_Medication_Abortion.9.aspx
- “Safe abortion: technical and policy guidance for health systems.”The World Health Organization. https://apps.who.int/iris/bitstream/handle/10665/70914/?sequence=1