ဆေးပညာဖြင့် ကိုယ်ဝန်ဖျက်ချခြင်းအကြောင်

နိုင်ငံများစွာတွင်ကိုယ်ဝန်ဖျက်ချခြင်း၊ ကိုယ်ဝန်ဖျက်ချသောဆေးဝါးအသုံးပြုခြင်းနှင့်ပတ်သက်သော ဥပဒေများရှိသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို အကန့်အသတ်မရှိဘဲ ခွင့်ပြုထားသော နိုင်ငံများတွင် ဆရာဝန်အများစုသည် ကိုယ်ဝန်ဆောင်သက်တမ်း ပထမ 13 ပတ်အတွင်း mifepristone နှင့် misoprostol ဆေးများကို တွဲသုံးစွဲရန်အကြံပေးသော်လည်း၊ ကိုယ်ဝန်ဆောင်သက်တမ်း ပထမ 13 ပတ်အတွင်း misoprostol တစ်မျိုးထဲသုံးခြင်းသည်လည်း အလွန်ထိရောက်မှုရှိသည်။ ဆေးများနှင့်ကိုယ်ဝန်ဖျက်ချခြင်း၏လက္ခဏာများသည် အလိုအလျောက်ကိုယ်ဝန်ပျက်ကျခြင်းနှင့် အလွန်ဆင်တူသည်။ ဆေးသောက်ပြီးကိုယ်ဝန်ဖျက်ချခြင်းသည် အမျိုးသမီးများအတွက်တစ်ပါးသူမသိစေဘဲ အန္တရာယ်ကင်းကင်းအသုံးပြုနိုင်ပါသည်။

About Medical Abortion
How it Works Abortion Pills

မည်ကဲ့သို့ အလုပ်လုပ်ပုံ

ကိုယ်ဝန်ဖျက်ချရာတွင် အသုံးပြုသောဆေးသည် သားအိမ်ခေါင်းကိုလျှော့ချခြင်း၊ဖွင့်ခြင်း (သားအိမ်ပွင့်ခြင်း) နှင့်သားအိမ်ကိုကျုံ့သွားစေခြင်းဖြင့် ကိုယ်ဝန်မရှိတော့အောင် လုပ်ဆောင်ပေးသည်။

များသောအားဖြင့် misoprostol သည် သင့်ခန္ဓာကိုယ်အတွင်းသို့ပထမဆုံးဆေးပြားရောက်ရှိပြီး ၁ နာရီမှ ၂ နာရီအတွင်း စတင်၍ ဗိုက်အောင့်တာ၊ သွေးဆင်းတာဖြစ်ပါလိမ့်မည်။ များသောအားဖြင့် misoprostol နောက်ဆုံးဆေး သောက်ပြီး ၂၄ နာရီအတွင်း ကိုယ်ဝန်ပျက်ကျခြင်းဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ အဲ့ဒီအချိန်မတိုင်ခင်လဲ ပျက်ကျတက်သည်။

သင် စိုးရိမ်ပူပန်ပါက

တကယ်လို့ သင့် မိန်းမကိုယ်ကနေ ကိုယ်ဝန်အသားစလေးတွေက စပျစ်သီးအ‌ရောင်ရင့်ရင့် ပါးလွှာသော အဖတ်လေးတွေ ဒါမှမဟုတ် အဖြူရောင်အလွှာလေးတွေပါတဲ့ အိတ်လေးကျဆင်းလာပြီဆိုရင် ကိုယ်ဝန်ပျက်ကျပြီလို့ ပြောလို့ရတဲ့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ကိုယ်ဝန်သက်တမ်းပေါ် မူတည်၍ ဒီအသားစလေးတွေက သင့်ရဲ့လက်သည်းခွံအရွယ်လောက်ကနေ တစ်ခါတစ်လေ သင့်လက်မအရွယ်အစားလောက်ထိ ကြီးနိုင်ပါတယ်။ အကယ်လို့ သင်ကိုယ်တိုင် ဤအသားစများကိုခွဲခြားသိနိုင်လျှင် ဒါကကိုယ်ဝန်ဖျက်ချခြင်းသည်အောင်မြင်ကြောင်း ညွှန်ပြခြင်းဖြစ်သည်။ တစ်ခါတစ်လေ ဒီကိုယ်ဝန်တစ်သျှူးအသားစများက သွေးခဲများနှင့်ဖုံးနေနိုင်တဲ့အတွက် သေချာမကြည့်မိလိုက်ဘူးဆိုလျှင် သင်မြင်တွေ့လိုက်မှာမဟုတ်ပါဘူး။

စာကိုးများ-

HowToUseAbortionPill.org သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်စပ်သည်။
HowToUseAbortionPill.org တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန်အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတခုခုနှင့် မသက်ဆိုင်ပါ။