အခြားကိုယ်ဝန်ဖျက်ချမကြာခဏမေးလေ့ရှိသောမေးခွန်းများ

ကိုယ်ဝန်ဖျက်ချခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်းကို တားမြစ်နိုင်သည့်နည်းလမ်းလား။

ကိုယ်ဝန်ဖျက်ချခြင်းကို ကိုယ်ဝန်ရနိုင်မှုကို တားမြစ်တဲ့ သားဆက်ခြားနည်းလမ်းများ (အရေးပေါ်သန္ဓေတားခြင်းအပါအဝင် အခြားသန္ဓေတားနည်းလမ်းများ)နှင့် မမှားသင့်ပါ။ သားဆက်ခြားနည်းလမ်းများကတော့ မျိုးဥကြွေခြင်းကိုတားမြစ်ခြင်း သို့မဟုတ် မျိုးဥ နှင့် သုတ်ကောင်မပေါင်းနိုင်အောင် တားမြစ်ခြင်းဖြစ်ပါသည်။ ၎င်းနည်းလမ်းများကို ရှိနေပြီးသား ကိုယ်ဝန်ကိုဖျက်ချနိုင်ခြင်းမျိုးအတွက် အသုံးမပြုနိုင်ပါ။ သင့်အနေဖြင့် သားဆက်ခြားနည်းလမ်များကို သိရှိလိုပါက www.findmymethod.org ကိုသွားရောက်ပြီး လေ့လာနိုင်ပါတယ်။

ကိုယ်ဝန်ဖျက်ချဆေးနှင့် အရေးပေါ်သန္ဓေတားဆေး( EC Pill) တို့ရဲ့ ကွာခြားချက်က ဘာလဲ?

အရေးပေါ်သန္ဓေတားဆေးမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်မရရန်အတွက် သောက်သုံးရသည့်ဆေးဖြစ်ပါသည်။ ၎င်းသည် မျိုးဥကြွေခြင်းကို တားမြစ်ခြင်း သို့မဟုတ် မျိုးဥ နှင့် သုတ်ကောင်မပေါင်းနိုင်အောင် တားမြစ်ခြင်းကို ပြုလုပ်ပေးနိုင်ပါသည်။ သို့သော် ထိုဆေးများဟာ Mifepristone နှင့် Misoprostol ဆေးများနှင့်မတူပါ။ ထို့ကြောင့်ရှိနေပြီးသားကိုယ်ဝန်ကို ဖျက်ချနိုင်စွမ်းမရှိပါ။ ကိုယ်ဝန်ဖျက်ချဆေးနှင့် အရေးပေါ်သန္ဓေတားဆေး( EC Pill) နည်းလမ်း ၂ ခုလုံးကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေအကုန်လုံးရဲ့ မျိုးဆက်ပွားကျန်းမာရေးအတွက် အရေးကြီးတဲ့ဆေးဝါးများနဲ့ အသုံးပြုတဲ့နည်းများအနေဖြင့် ပါဝင်နေပါတယ်။

ဆေးဘက်ဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်းသည် ဆေးသောက်ပြီးကိုယ်ဝန်ဖျက်ချခြင်းနှင့်တူပါသလား။ ဆေးဘက်ဆိုင်ရာကိုယ်ဝန်ဖျက်ချခြင်းသည် ခွဲစိတ်ကုသကိုယ်ဝန်ဖျက်ချခြင်းနှင့် တူပါသလား။

ကိုယ်ဝန်ဖျက်ချနည်း ၂ နည်းရှိပါတယ်။ ၁။ ဆေးဖြင့် ဖျက်ချနည်း -
1) ကိုယ်ဝန်ဖျက်ချသည့်ဆေးများကို ကိုယ်ဝန်ဆောင်နေချိန်တွင် ကိုယ်ဝန်ဖျက်ချရန်အတွက် သောက်သုံးခြင်းဖြစ်ပါတယ်။ ၎င်းသည် ခွဲစိတ်ကုသစရာမလိုဘဲ ဆေးသောက်ဖျက်ချနိုင်ပါသည်။ ၂။ ခွဲစိတ်ဖျက်ချနည်း
2) ကျွမ်းကျင်ဆရာဝန်မှ သားအိမ်ထဲမှအသားစကို ကိုယ်ဝန်ဖျက်ချရန်အတွက် ရှင်းထုတ်ပစ်ခြင်းဖြစ်သည်။ MVA ကဲသို့ လေစုပ်ထုတ်နည်း နှင့် သားအိမ်ခြစ်နည်းတို့ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

ပိုမိုသိရှိလိုပါက သင့်ကို မည်သို့ဆက်သွယ်နိုင်မည်နည်း။

info@howtouseabortionpill.org အီးမေးလ်မှ တစ်ဆင့် ကျွန်ုပ်တို့အဖွဲ့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စာကိုးမျာ