ကိုယ်ဝန်ဖျက်ချဆေးများ၏ ဘေးထွက်ဆိုးကျိုးများ


Misoprostol များသုံးပြီး ပုံမှန်အားဖြင့် သွေးဆင်းမှုနှင့် ကိုက်ခဲနာကျင်မှု မည်မျှ ရှိနိုင်သနည်း။

အမျိုးသမီးအချို့တွင် ပုံမှန်ရာသီသွေးဆင်းသကဲ့သို့ သွေးများဆင်းမည်ဖြစ်ပြီး ကိုယ်လက်ကိုက်ခဲခြင်းများလည်း ရှိနိုင်ပါသည်။ သို့သော် သွေးဆင်းမှုသည် ပုံမှန်သွေးဆင်းမှုထက် ပမာဏပိုနိုင်ပါသည်။ ပထမစစချင်းသောက်သုံးပြီးနာရီအနည်းငယ်အတွင်း သံပုရာသီးအရွယ်လောက်ရှိ သွေးခဲများကျလာနိုင်ပါသည်။ အချို့အမျိုးသမီးများတွင် နာကျင်ကိုက်ခဲမှုအနည်းငယ်သာရှိပြီး သွေးဆင်းမှုမှာလည်း ပုံမှန်ရာသီလာသလိုပဲ သွေးဆင်းနိုင်ပါသည်။

Misoprostol သောက်သုံးပြီး သွေးမဆင်းပါက မည်သို့ ပြုလုပ်သင့်သနည်း။

သင့်အနေဖြင့် Misoprostol ဆေးသောက်ပြီး သွေးဆင်းမှုမရှိဘဲ သို့မဟုတ် သွေးအနည်းငယ်သာဆင်းခြင်း နှင့် ibuprofenအကိုက်အခဲပျောက်ဆေးကိုသောက်ထားသော်လည်း အပြင်းအထန်နာကျင်နေပါက(အထူးသဖြင့် ညာဖက်ပခုံးတွင်) ဆေးကုသမှုခံယူပါ။ ဒါဟာ သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်နိုင်ပါသည်။ ဒီအခြေအနေသည် ဖြစ်ရန်ရှားပါးသော်လည်း အသက်အန္တရာယ် စိုးရိမ်မှုရှိနိုင်ပါသည်။ သင့်အနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းမအောင်မြင်ဟု စိုးရိမ်ပါက လေ့ကျင့်ထားသောကိုယ်ဝန်ဖျက်ချမှုအကြံပေးနှင့်စကားပြောရန် www.safe2choose.org မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

ကိုယ်ဝန်ဖျက်ကျဆေးသောက်သုံးပြီး သွေးဆင်းမှုများနေပါက ဘာလုပ်သင့်သလဲ။

သင့်အနေဖြင့် ကိုယ်ဝန်ပျက်ကျသွားပြီဟု သိပြီးနောက် သာမာန်သုံးနေကျ အမျိုးသမီးလစဥ်သုံးပစ္စည်း pad ၂ခုလောက် ၂ နာရီအတွင်း စိုရွှဲသွားပါက ချက်ချင်းဆေးကုသမှုခံယူပါ။ အမျိုးသမီးလစဥ်သုံးပစ္စည်း Pad စိုရွှဲသည်ဟုဆိုရာတွင် Pad တစ်ခုလုံး အရှေ့မှအနောက်၊ ဘေးအားလုံးနှင့် အပေါ်အောက် သွေးတွေပျံ့နှံ့သွားခြင်းကို ဆိုလိုပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသောက်သုံးပြီးနောက် နာကျင်ကိုက်ခဲမှုအတွက် မည်သို့ပြုလုပ်သင့်သနည်း။

ကိုယ်ဝန်ဖျက်ချဆေးသောက်ပြီး သင်၏နာကျင်မှုကိုသက်သာစေရန် 200 mg ရှိသော ibuprofen ဆေး ၃လုံးမှ၄ လုံးကို ၆ နာရီ (သို့မဟုတ်) ၈ နာရီကြာပြီးတိုင်း သောက်ပေးပါ။ misoprostol မသုံးမီ ibuprofen အကိုက်အခဲပျောက်ဆေးကို သောက်နိုင်ပါတယ်။

ကိုယ်ဝန်ဖျက်ချဆေးသောက်ပြီးနောက် ပုံမှန်အစာစားနိုင်ပါသလား။

Misoprostol ဆေးပျော်ဝင်ပြီးနောက် မိမိနှစ်သက်သလိုစားသုံးနိုင်ပါသည်။ မုန့်ခြောက်များ ( ဥပမာ- ခရက်ကာ သို့ ပေါင်မုန့်မီးကင်)က သင့်ကို ပျို့အန်ခြင်းမဖြစ်စေသလို အစိမ်းရောင်အရွက်များ၊ ဥ နှင့် အသားများက ကိုယ်ဝန်ဖျက်ချမှုမှ ဆုံးရှုံးသွားတဲ့ ဓာတ်များကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသောက်သုံးပြီးပါက အရည်များကို ပုံမှန် သောက်နိုင်ပါသလား။

Misoprostol ပျော်ဝင်သွားပါက မိမိနှစ်သက်ရာ အရည်(အရက်သေစာမှ လွဲ၍)ကို သောက်သုံးနိုင်ပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသောက်သုံးနေစဥ်နှင့် သောက်ပြီးနောက် အရက်သောက်သုံးနိုင်ပါသလား။

ဆေးသုံးစွဲနေစဥ်အတွင်း ဆေးအာနိသင်မထိရောက်ခြင်းမျိုးကို ရှောင်ရှားရန်အတွက် အရက်သောက်သုံးခြင်းကို တားမြစ်ထားပါသည်။ အရက်သောက်ခြင်းသည် သားအိမ်မှ သွေးယိုစီးမှုကိုပိုမိုဖြစ်စေပြီး တစ်ခါတစ်ရံ နာကျင်ကိုက်ခဲခြင်းအတွက် သောက်သည့်ဆေး နှင့် နောက်ဆက်တွဲပြဿများကြုံတွေ့နိုင်သော အမျိုးသမီးတို့အတွက် ပိုးသတ်ဆေးများသုံးရာတွင် ဆေးအာနိသင်ကိုလျော့ချစေနိုင်ပါသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဖျက်ချပြီးကြောင်းအတည်ပြုပြီးသည့်အပြင် သင်ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု သေချာမှသောက်သုံးရန်အကြံပြုလိုပါသည်။

ကိုယ်ဝန်ဖျက်ချဆေး၏ ဘေးထွက်ဆိုးကျိုးများ ပျောက်ကင်းရန် အချိန်မည်မျှကြာမည်နည်း။

အမျိုးသမီးအများစုသည် ဆေးသောက်ပြီးနောက် ၄-၅ နာရီ အတွင်း ကိုယ်ဝန်ပျက်နိုင်ပြီး ၂၄ နာရီအတွင်း နေရထိုင်ရသက်သာလာပါလိမ့်မည်။ သင့်အနေဖြင့် ပုံမှန်ရာသီလာချိန်မရောက်ခင် ၃-၄ ပတ်အထိ သွေးအနည်းငယ်ဆင်းနေခြင်းသည် ပုံမှန်သာဖြစ်ပါသည်။

Misoprostol သောက်သုံးပြီးနောက် ဖျားနာခြင်း သို့မဟုတ် ပျို့အန်ခြင်းကိုခံစားရခြင်းမှာ ပုံမှန်လား။

ဗိုက်နာဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ချမ်းတုံခြင်း သို့မဟုတ် ဒီအချိန်တွင် ဖျားနာခြင်းကဲ့သို့ခံစားရခြင်းသည် ပုံမှန်သာဖြစ်သည်။ အမျိုးသမီးအများစုအနေဖြင့် ကိုယ်ဝန်ပျက်ကျပြီးသည်ကို သွေးဆင်းမှုလျော့နည်းလာခြင်း နှင့် ပိုပြီးနေလို့ကောင်းလာခြင်းကနေတစ်ဆင့် သိနိုင်သည်ဟု ပြန်ပြောပြကြသည်။

ကိုယ်ဝန်ဖျက်ဆေးများသောက်သုံးပြီးသော်လည်း ကိုယ်ဝန်ဆက်ရှိနေပါက မည်သို့ ပြုလုပ်သင့်သလဲ။

အချို့အမျိုးသမီးများမှာ ဆေးသောက်ပြီး ကိုယ်ဝန်ဆက်ရှိနေပါက ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဖျက်ချမှုမအောင်မြင်ပါက ခွဲစိတ်ကုသမှုပေးခြင်းကို နိုင်ငံတိုင်းလိုလိုမှာ ပြုလုပ်ပေးသည့်အတွက် သင့်အနေဖြင့်သတိပြုရန်မှာ သင့်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ထားသော်လည်း ဆေးသောက်ပြီးပျက်ကျခြင်းမရှိပါက ဆေးရုံတွင်သမှုခံယူခွင့်ရှိပါသည်။

ကိုယ်ဝန်ဖျက်ချဆေးများ၏ ဘေးထွက်ဆိုးကျိုးများ

အမျိုးသမီးအချို့တွင် ပုံမှန်ရာသီသွေးဆင်းသကဲ့သို့ သွေးများဆင်းမည်ဖြစ်ပြီး ကိုယ်လက်ကိုက်ခဲခြင်းများလည်း ရှိနိုင်ပါသည်။ သို့သော် သွေးဆင်းမှုသည် ပုံမှန်သွေးဆင်းမှုထက် ပမာဏပိုနိုင်ပါသည်။ ပထမစစချင်းသောက်သုံးပြီးနာရီအနည်းငယ်အတွင်း သံပုရာသီးအရွယ်လောက်ရှိ သွေးခဲများကျလာနိုင်ပါသည်။ အချို့အမျိုးသမီးများတွင် နာကျင်ကိုက်ခဲမှုအနည်းငယ်သာရှိပြီး သွေးဆင်းမှုမှာလည်း ပုံမှန်ရာသီလာသလိုပဲ သွေးဆင်းနိုင်ပါသည်။

သင့်အနေဖြင့် Misoprostol ဆေးသောက်ပြီး သွေးဆင်းမှုမရှိဘဲ သို့မဟုတ် သွေးအနည်းငယ်သာဆင်းခြင်း နှင့် ibuprofenအကိုက်အခဲပျောက်ဆေးကိုသောက်ထားသော်လည်း အပြင်းအထန်နာကျင်နေပါက(အထူးသဖြင့် ညာဖက်ပခုံးတွင်) ဆေးကုသမှုခံယူပါ။ ဒါဟာ သားအိမ်ပြင်ပသန္ဓေတည်ခြင်း ဖြစ်နိုင်ပါသည်။ ဒီအခြေအနေသည် ဖြစ်ရန်ရှားပါးသော်လည်း အသက်အန္တရာယ် စိုးရိမ်မှုရှိနိုင်ပါသည်။ သင့်အနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းမအောင်မြင်ဟု စိုးရိမ်ပါက လေ့ကျင့်ထားသောကိုယ်ဝန်ဖျက်ချမှုအကြံပေးနှင့်စကားပြောရန် www.safe2choose.org မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

သင့်အနေဖြင့် ကိုယ်ဝန်ပျက်ကျသွားပြီဟု သိပြီးနောက် သာမာန်သုံးနေကျ အမျိုးသမီးလစဥ်သုံးပစ္စည်း pad ၂ခုလောက် ၂ နာရီအတွင်း စိုရွှဲသွားပါက ချက်ချင်းဆေးကုသမှုခံယူပါ။ အမျိုးသမီးလစဥ်သုံးပစ္စည်း Pad စိုရွှဲသည်ဟုဆိုရာတွင် Pad တစ်ခုလုံး အရှေ့မှအနောက်၊ ဘေးအားလုံးနှင့် အပေါ်အောက် သွေးတွေပျံ့နှံ့သွားခြင်းကို ဆိုလိုပါသည်။

ကိုယ်ဝန်ဖျက်ချဆေးသောက်ပြီး သင်၏နာကျင်မှုကိုသက်သာစေရန် 200 mg ရှိသော ibuprofen ဆေး ၃လုံးမှ၄ လုံးကို ၆ နာရီ (သို့မဟုတ်) ၈ နာရီကြာပြီးတိုင်း သောက်ပေးပါ။ misoprostol မသုံးမီ ibuprofen အကိုက်အခဲပျောက်ဆေးကို သောက်နိုင်ပါတယ်။

Misoprostol ဆေးပျော်ဝင်ပြီးနောက် မိမိနှစ်သက်သလိုစားသုံးနိုင်ပါသည်။ မုန့်ခြောက်များ ( ဥပမာ- ခရက်ကာ သို့ ပေါင်မုန့်မီးကင်)က သင့်ကို ပျို့အန်ခြင်းမဖြစ်စေသလို အစိမ်းရောင်အရွက်များ၊ ဥ နှင့် အသားများက ကိုယ်ဝန်ဖျက်ချမှုမှ ဆုံးရှုံးသွားတဲ့ ဓာတ်များကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။

Misoprostol ပျော်ဝင်သွားပါက မိမိနှစ်သက်ရာ အရည်(အရက်သေစာမှ လွဲ၍)ကို သောက်သုံးနိုင်ပါသည်။

ဆေးသုံးစွဲနေစဥ်အတွင်း ဆေးအာနိသင်မထိရောက်ခြင်းမျိုးကို ရှောင်ရှားရန်အတွက် အရက်သောက်သုံးခြင်းကို တားမြစ်ထားပါသည်။ အရက်သောက်ခြင်းသည် သားအိမ်မှ သွေးယိုစီးမှုကိုပိုမိုဖြစ်စေပြီး တစ်ခါတစ်ရံ နာကျင်ကိုက်ခဲခြင်းအတွက် သောက်သည့်ဆေး နှင့် နောက်ဆက်တွဲပြဿများကြုံတွေ့နိုင်သော အမျိုးသမီးတို့အတွက် ပိုးသတ်ဆေးများသုံးရာတွင် ဆေးအာနိသင်ကိုလျော့ချစေနိုင်ပါသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဖျက်ချပြီးကြောင်းအတည်ပြုပြီးသည့်အပြင် သင်ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းမွန်သည်ဟု သေချာမှသောက်သုံးရန်အကြံပြုလိုပါသည်။

အမျိုးသမီးအများစုသည် ဆေးသောက်ပြီးနောက် ၄-၅ နာရီ အတွင်း ကိုယ်ဝန်ပျက်နိုင်ပြီး ၂၄ နာရီအတွင်း နေရထိုင်ရသက်သာလာပါလိမ့်မည်။ သင့်အနေဖြင့် ပုံမှန်ရာသီလာချိန်မရောက်ခင် ၃-၄ ပတ်အထိ သွေးအနည်းငယ်ဆင်းနေခြင်းသည် ပုံမှန်သာဖြစ်ပါသည်။

ဗိုက်နာဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ချမ်းတုံခြင်း သို့မဟုတ် ဒီအချိန်တွင် ဖျားနာခြင်းကဲ့သို့ခံစားရခြင်းသည် ပုံမှန်သာဖြစ်သည်။ အမျိုးသမီးအများစုအနေဖြင့် ကိုယ်ဝန်ပျက်ကျပြီးသည်ကို သွေးဆင်းမှုလျော့နည်းလာခြင်း နှင့် ပိုပြီးနေလို့ကောင်းလာခြင်းကနေတစ်ဆင့် သိနိုင်သည်ဟု ပြန်ပြောပြကြသည်။

အချို့အမျိုးသမီးများမှာ ဆေးသောက်ပြီး ကိုယ်ဝန်ဆက်ရှိနေပါက ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါသည်။ ကိုယ်ဝန်ဖျက်ချမှုမအောင်မြင်ပါက ခွဲစိတ်ကုသမှုပေးခြင်းကို နိုင်ငံတိုင်းလိုလိုမှာ ပြုလုပ်ပေးသည့်အတွက် သင့်အနေဖြင့်သတိပြုရန်မှာ သင့်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ထားသော်လည်း ဆေးသောက်ပြီးပျက်ကျခြင်းမရှိပါက ဆေးရုံတွင်သမှုခံယူခွင့်ရှိပါသည်။

စာကိုးမျာ

ဤဝက်ဘ်ဆိုက်ကို တိကျမှန်ကန်စွာ လည်ပတ်စေရန် အမည်မသိသော ကွတ်ကီးများနှင့် အမျိုးမျိုးသော တတိယပါတီ ဝန်ဆောင်မှုများကို လိုအပ်နိုင်ပါသည်။ ကျွန်ုတို့၏ စည်းမျဉ်းစည်းကမ်းများနှင့် and ကိုယ်ရေးလုံခြုံမှုမူဝါဒများကို သင်ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ဤဝက်ဘ်ဆိုက်ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ၎င်းတို့သည် သင့်အပေါ်အကျိုးသက်ရောက်မှုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။'