ကိုယ့်ကိုယ်ကို- ကိုယ်ဝန်ဖျက်ချစီမံခန့်ခွဲ

ဤအွန်လိုင်းသင်တန်းသည်မိမိကိုယ်ကိုစီမံခန့်ခွဲခြင်းနှင့်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်းပိုမိုလေ့လာရန်သို့မဟုတ်အိမ်တွင်ကိုယ်ဝန်ဖျက်ချရန်ကြိုးစားနေသူမည်သူမဆိုအတွက်ဒီဇိုင်းပြုလုပ်ထားသည်။ သင်ဤသင်တန်းတွင်သင်လေ့လာမည့်သတင်းအချက်အလက်များနှင့်အတူဆေးလုံးနှင့်ကိုယ်ဝန်ဖျက်ချသည်လုံခြုံ, လက်လှမ်းမီမှုနှင့်လုံခြုံမှုရှိစေရန်သေချာစေရန်သင်ကူညီနိုင်သည်။ ဤသင်တန်းကိုအကြားပူးပေါင်းဆောင်ရွက်မှုတွင်ထုတ်လုပ်သည် Médecins Sans Frontières ပြီးတော့ www.HowToUseAbortionPill.org

သင်ခန်းစာ ၂။ ကျွန်မရဲ့ကိုယ်ဝန် ဘယ်နှစ်ပတ်ရှိပြီလဲ။

သင်ခန်းစာ ၁။ ကျွန်မမှာ ကို‌ယ်ဝန်ရှိနေသလား။

သင့်ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်ပြီးတော့ စိတ်ထဲမှာ သေသေချာချာ သိချင်ပါသလား။ ကိုယ်ဝန်ဆောင်ခြင်းအတည်ပြုမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်ရှုဖို့အတွက် ဒီဗီဒီယိုကို ရှာဖွေကြည့်ပါ

ကိုယ်ဝန်ဆောင်မှု၊ ကိုယ်ဝန်ဆောင်သည်

ကြိုတင်စီစဉ်ထားသည်ဖြစ်စေ မစီစဉ်ထားသည်ဖြစ်စေ ကိုယ်ဝန်ဆောင်ခြင်းဆိုတာ တွေ့ကြုံရများဆုံး အတွေ့အကြုံတစ်ခုပါ။

ကမ္ဘာအနှံ့က ကိုယ်ဝန်ဆောင်တွေရဲ့ ၄၀% ကျော်က မမျှော်လင့်ထားတဲ့ကိုယ်ဝန်တွေ ဖြစ်ပါတယ်။

သင်က ကိုယ်ဝန်မဆောင်ချင်ပေမယ့် ကိုယ်ဝန်ရသွားနိုင်တယ်လို့ တွေးမိနေတယ်ဆို ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

ဒီဗီဒီယိုမှာ ကိုယ်ဝန်ရှိတာကို ဘယ်လိုအတည်ပြုမလဲဆိုတဲ့အကြောင်း ပြောကြမှာပဲဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ လိင်ဆက်ဆံပြီးနောက် လိင်တံကနေ မိန်းမကိုယ်အတွင်းကို သုက်လွှတ်လိုက်တဲ့အခါ ကိုယ်ဝန်ရလာနိုင်တာကို သိထားဖို့အရေးကြီးပါတယ်။

သန္ဓေတားခြင်းက လိင်ဆက်ဆံမှုအတွင်း ကိုယ်ဝန်မရအောင်တားဆီးပေးတာဖြစ်ပေမယ့် သင်ကိုယ်ဝန်ရသွားနိုင်တဲ့ အခွင့်အလမ်းလေးတစ်ခု ရှိနေပါသေးတယ်။

ကိုယ်ဝန်ရှိခြင်းရဲ့အစောဆုံးနဲ့ စိတ်ချသေချာရဆုံးသောလက္ခဏာကတော့ ရာသီမလာခြင်းပဲဖြစ်ပါတယ်။

လိင်ဆက်ဆံမှုရှိခဲ့ပြီး ရာသီလာရက်နောက်ကျနေပြီဆိုရင် သင့်မှာကိုယ်ဝန်ရှိနေနိုင်ပါတယ်။

တခြားအဖြစ်များတဲ့ကိုယ်ဝန်လက္ခဏာတွေကတော့ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ ပင်ပန်းသလိုခံစားရတာ၊နဲ့ ရင်သားတွေ ကြီးလာတာနဲ့ အထိမခံနိုင်ဖြစ်လာတာတွေ ပါဝင်ပါတယ်။

လစဉ်ရာသီလာရက်မှာ မလာတဲ့အပြင် သင့်မှာဒီလက္ခဏာတွေထဲကတစ်ခုခုရှိနေပြီဆိုရင် ကိုယ်ဝန်ရှိနေဖို့ အလားအလာရှိနေပါတယ်။

သင့်မှာကိုယ်ဝန်ရှိနေနိုင်တယ်လို့ထင်တယ်ဆိုရင် ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်ပြီး အတည်ပြုနိုင်ပါတယ်။

အများအားဖြင့် ကိုယ်ဝန်ရှိမရှိ စစ်ဆေးတဲ့ပစ္စည်းတွေကို ဆေးဆိုင်တွေနဲ့အရောင်းဆိုင်လေးတွေမှာ ရောင်းချလေ့ရှိတယ် သို့မဟုတ် ကျန်းမာရေး စောင့်‌ရှောက်မှုပံ့ပိုးမှုနေရာတစ်ခုဆီ သွားရောက်ရယူနိုင်ပါတယ်။

သောက်ဆေးအသုံးပြုပြီးသန္ဓေသားဖျက်ချခြင်းမလုပ်ခင် ကိုယ်ဝန်ရှိမရှိစစ်ဆေးဖို့က မဖြစ်မနေလိုအပ်ချက်တစ်ခုတော့မဟုတ်ပါဘူး။

သင့်မှာကိုယ်ဝန်ရှိတဲ့လက္ခဏာတွေရှိပေမယ့် ဒါမှမဟုတ် ကိုယ်ဝန်စစ်ဆေးမှုက ရှိကြောင်းပြနေပေမယ့် သင်က ကိုယ်ဝန်မဆောင်ချင်သေးဆိုရင် ဒီကိုယ်ဝန်ကို အဆုံးသတ်ဖို့ သင်ဆုံးဖြတ်နိုင်ပါတယ်။

သန္ဓေသားဖျက်ချတာကို သောက်ဆေးနဲ့ ဒါမှမဟုတ် ခွဲစိတ်မှုနဲ့ဖြစ်ဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။

ကိုယ်ဝန် ၁၃ ပတ်မတိုင်မီ သောက်ဆေးအသုံးပြုသန္ဓေသားဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်ခိုင်မာပြီး အထောက်အထားအခြေခံတဲ့အချက်အလက်တွေကို ပြောပြပေးမယ်၊ အမေးများတဲ့မေးခွန်းတွေကိုဖြေပေးမှာမို့လို့ ဒီဗီဒီယိုနဲ့အတူ လိုက်နားထောင်လိုက်ပါ။

နောက်ဗီဒီယိုမှာတော့ “ကိုယ်ဝန်ဘယ်လောက်ရပြီလဲ”ဆိုတဲ့မေးခွန်းကို ဖြေပေးထားပါတယ်။

HowToUseAbortionPill.org သည် အမေရိကန်အခြေစိုက် မှတ်ပုံတင်ထားသော 501c(3) အကျိုးအမြတ်မယူသော အဖွဲ့အစည်းနှင့် ဆက်စပ်သည်။
HowToUseAbortionPill.org တွင် ပံ့ပိုးတင်ပြထားသော အကြောင်းအရာများသည် သတင်းအချက်အလက်ပေးရန်အတွက်သာ ရည်ရွယ်ထားပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတခုခုနှင့် မသက်ဆိုင်ပါ။

Women First Digital မှ အားဖြည့်ထားသော